စင်ကာပူနိုင်ငံတွင် ပညာလေ့လာဆည်းပူးလိုသော မြန်မာနိုင်ငံမှ ကျောင်းသူ/ကျောင်းသားများအနေဖြင့်၊ မိမိတို့လက်ရှိပညာ အရည် အချင်း၊ ဘဏ္ဍာရေး၊ အင်္ဂလိပ်စာကျွမ်းကျင်မှု၊ သင်ကြားလိုသည့် ဘာသာရပ်အမျိုးအစားများ စသည့်အချက်များပေါ်မူတည် မည်သည့် ကျောင်းကို လျှောက်ထားရမည်။ မည်ကဲ့သို့လျှောက်ထားရမည် ဆိုသည်တို့ကိုသတင်းအချက်အလက်များ ရယူလျက်မိမိတို့အတွက် အကောင်းဆုံးကျောင်းကို လျှောက်ထားနိုင်မည် ဖြစ်ပါသည်။
ကျောင်းသူ/ သားများအနေဖြင့် ပထမဦးဆုံးရွေးချယ်ရန်မှာ
(၁) National University of Singapore, Nanyang Technological University နှင့် Singapore Management University တို့ကဲသိုသော၊ Scholarship/Grant ရနိုင်သော အတင်ကရ တက္ကသိုလ်ကြီးများတွင် ပညာသင်ကြားရန်နှင့်
(၂) နိုင်ငံတကာမှကျောင်းသားများကို လက်ခံသင်ကြားပေးနိုင်သော Case Trust လက်မှတ်ရကမ္ဘာတစ်ဝှမ်းအသိအမှတ်ပြု
Certificate, Diploma, Degree, Master ဘွဲများတက်ရောက်သင် ကြားနိုင်သော ပုဂ္ဖလိကကျောင်းများတွင် ပညာသင်ကြားရန်တို့ဖြစ်ပါသည်။
|